Rapid Market Assessment of Five Agricultural Value Chains in Myanmar (June - August 2021) - Burmese

Author(s): 
Min Thu Aung and Naw Rosy Love
Organization(s): 
Myanmar Agriculture Network (MAN)

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာ အလားအလာကောင်းများစွာ ရှိသော်လည်း အခြေခံအဆောက်အအုံလိုအပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းများမှသည် စျေးကွက်အခက်အခဲအထိ အခက်အခဲ အဟန့်အတားပေါင်းများစွာ ရှိနေသည်။ အဆိုပါ အလားအလာ ကောင်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများမှာလည်း ၂၀၂၀ ခုနှစ်မှ စတင်ဖြစ်ပွားလာသည့် ကိုဗစ်−၁၉နှင့် ၂၀၂၁ခုနှစ် အတွင်း ပြင်းထန်သော ကိုဗစ်တတိယလှိုင်းနှင့်အတူ နိုင်ငံရေး အခြေအနေများကြောင့် ထင်သလောက် ခရီး မပေါက်ခဲ့ပေ။ ၂၀၂၁ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင် ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် ဘဏ်စနစ် အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ ဈေးကွက် မရခြင်း၊ ချေးငွေမရခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ ရရှိရန် အခက်အခဲများ ပေါ်ပေါက်ကာ စိုက်ပျိုးရေးဈေးကွက်နှင့် နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှု ရှိခဲ့သည်။

ဤအခြေအနေတွင် စိုက်ပျိုးရေး ကဏ္ဍအတွင်း တာဝန်ရှိသူများအနေဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခြေခံစဉ်းစားစရာအချက်များအဖြစ် အသုံးပြု နိုင်ရန်ရည်ရွယ်လျက် MAN အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ကွင်းဆက်အတွင်း အထူးသဖြင့် ဆန်၊ ပဲ၊ ကော်ဖီ၊ ကြက်သွန်နီနှင့် လက်ဖက်ကဏ္ဍတို့တွင် ပေါ်ပေါက်နေသော အခက်အခဲများကို ဖော်ထုတ်တင်ပြရန် ဤသီးနှံဈေးကွက်လေ့လာချက်ကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။ 

Country: